|
Orbit Digital Fashion ဆိုင်ကို အမှတ် ( ၃၉/၄၁ )၊ မောင်ခိုင်လမ်း (အောက်)၊ လသာမြို့နယ်မှာ ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Mobile Phone အပါအ၀င် Digital IT ပစ္စည်း အသုံးပြုသူများအတွက် လိုအပ်သော ၀န်ဆောင်မှုများ ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလမှ အစပြုလို့ Mobile Phone နဲ့ပတ်သတ်တဲ့ ၀န်ဆောင်မှု လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် Multimedia Services အပိုင်းမှာ Pioneer (ရှေ့ဆောင် ) အနေနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Repairing Services၊ Firmware Services၊ စသည်ဖြင့် ဖုန်းပြင်တဲ့ အပိုင်းမှာလဲ အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ Orbit ကို စတင်ဖွင့်လှစ်ခဲ့တဲ့ အချိန်ကစလို့ ပစ္စည်းတွေအားလုံးကို အရည်အသွေး ကောင်းမွန်တာတွေကိုပဲ ရွေးချယ်တင်သွင်း ရောင်းချပေးခဲ့ပါတယ်။ GSM Phone တွေကိုလဲ ပထမဆုံး Warranty (အာမခံ) တစ်နှစ်အထိပေးပြီး သုံးစွဲသူ (Customer) များကို စိတ်ကျေနပ်စေခဲ့ပါတယ်။ အပိုပစ္စည်းများကအစ အရည်အသွေး ကောင်းမွန်တဲ့ ထိုင်းနိုင်ငံကနေ တင်သွင်းရောင်းချပေးခဲ့ပါတယ်။
|
|
Read more...
|
|
|